ပန်းကလေးတွေ ပွင့်နေမှာပါ
ငါ့ရင်ထဲမှာ အချစ်ပန်းကတော့
မင်းနဲ့တွေမှပွင့်ခဲ့တာပါ
မင်းရဲ့ကြင်နာမှုးတွေနဲ့
ငါ့ရဲ့ရင်ပြင်မှာ နေ့စဉ်နေတိုင်း
အချစ်ပန်းလေးတွေ ပွင့်နေပါပြီ ချစ်သူလေးရယ်........
စိုးလင်း၏ အပိုင်း အစလေးများ , ကျွန်တော် ရိုက်ယူခဲ့သော ဓါတ်ပုံများ
“ zeroAltered Photo World ”
ဝါသနာရှင်များ၏ ပုံရိပ်ကမ္ဘာ Group သည် ဓါတ်ပုံပညာအား ဝါသနာပါသော ကျွန်တော်နှင့်ရင်းနှီးသော(ညီအစ်ကိုကဲ့သို့ခင်မင်သော) သူငယ်ချင်းများ စုစည်း၍ စဖွဲ့ခဲ့ပါသည်။
.: ရည်ရွယ်ချက် :.
သည် Group သည် ဓါတ်ပုံပညာကို စတင်လေ့လာသူများ အချင်းချင်း အတွေ့အကြုံ ၊ အကြံဉာဏ်များ နှီးနှောဖလှယ်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးနောက် Group မှ ဓါတ်ပုံများအား အမှတ်တရဖြစ်နေစေရန်နှင့် တစ်စုတစ်စည်းတည်း တစ်နေရာတည်းတွင် လွယ်ကူစွာ ပြန်လည်ရှာဖွေ ခံစားကြည့်ရှုနိုင်ရန် ဤစာမျက်နှာအားဖန်တီးခဲ့ခြင်းဖြစ်ပါသည်။
.: သတ်မှတ်ချက် :.
- Camera ၊ Phone တို့ဖြင့် မိမိတို့ကိုယ်တိုင် ဖန်တီးရိုက်ကူးသော ပုံများသာတင်ရန်
- ဓါတ်ပုံများအား ပုံနှင့်သက်ဆိုင်သော အမည်တစ်ခုခု ပေးပေးပါရန်
- ဓါတ်ပုံများအား Camera Setting ဖြင့် မိမိစိတ်ကြိုက် ချိန်ညှိခြင်း ၊ Crop ပြုလုပ်ခြင်း ၊ ရေစာ(Water Mark) ရေးထိုးခြင်းများမှအပ ၊ အလင်းအမှောင် ၊ ကာလာ ပြင်ခြင်းများ ၊ ထပ်ဖြည့် ၊ ဖြတ်ထုတ်ခြင်းများ မပြုလုပ်ကြပါရန်
အကြံပြု မေတ္တာရပ်ခံအပ်ပါသည်။ ။ ။
No comments:
Post a Comment